Skip to main content

ရန်ကုန်အဝေးသင်တက္ကသိုလ်၊ဓာတုဗေဒဌာနအနေနဲ့၊ ရန်ကုန်အဝေးသင်တက္ကသိုလ် လူ့စွမ်းအား အရင်းအမြစ်ဖွဲ့ဖြိုးမှုအစီအစဉ်ဖြင့် Web-Based Teaching System ကို အသုံးပြုပြီး Online ပို့ချချက် အနေနဲ့ Good Manufacturing Practice နှင့် Water and Sanitation for Occupational Purpose Online Certificate Course နှစ်ခုကိုဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ဒီ Course များဟာ သင်တန်းကာလ (၃)လ ကြာမြင့်မှာဖြစ်ပြီး Fully Online Certificate Course များဖြစ်ပါတယ်။


ဤသင်တန်းများကို တက္ကသိုလ်ဝင်တန်းအဆင့်အထိ တက်ရောက်ပြီးသော လူငယ်လူရွယ်များ အနေဖြင့် Fully Online Certificate Course ဖြင့် မိမိဒေသ၊ မိမိအလုပ်ခွင်မှာနေပြီး အဆင့်မြင့် ပညာရပ်များကိုလေ့လာသင်ယူနိုင်မည်ဖြစ်ပါတယ်။ Fully Online Course ဖြစ်သည့်အတွက် Campus ထဲသို့လုံး၀လာစရာမလိုပဲ မြန်မာနိုင်ငံတစ်ဝှမ်းလုံး မည်သည့်ဒေသတွင်မဆို Internet အသုံးပြုပြီး Online ပေါ်တွင် သင်ယူနိုင်သောသင်တန်းအမျိုးအစား ဖြစ်ပါတယ်။ Assignment စာစဉ်ဖြေဆိုခြင်းနှင့် Feedback များကို Online မှပင်ပြုလုပ်ရမည် ဖြစ်ပါတယ်။ ဒါ့ကြောင့် IT နည်းပညာရပ်များကိုပိုမို ကျွမ်းကျင် လာမည်ဖြစ်ပါတယ်။


ဒီသင်တန်းမှာ - သင်တန်းသားဦးရေ(၁၂၀)ဦး အထိလက်ခံမှာဖြစ်ပါတယ်။ မြန်မာ နှင့် အင်္ဂလိပ် ဘာသာ နှစ်ခုစလုံးနဲ့သင်ကြားပို့ချသွားမှာဖြစ်ပါတယ်။နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးအား အဆင့်မြင့်နည်းပညာရပ်များအသုံးပြု၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့်ပညာရပ်နယ်ပယ် အသီးသီးအတွက် ပညာရှင်များစွာ မွေးထုတ်ရန်နှင့်အဝေးသင်တက္ကသိုလ်၏ရည်မှန်းချက်တွင်ပါဝင်သည့်သင်ယူမှုအခွင့်အလမ်း (Learning Opportunity) များကိုတိုးချဲ့ဖန်တီးပေးခြင်းဖြင့် အရည်အသွေးမြင့်မားသော လူ့စွမ်းအားအရင်းအမြစ် များပေါ်ထွန်းလာစေရန်ဟူသော ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် ဒီ Certificate Courses များကိုဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။

ရန်ကုန်အဝေးသင်တက္ကသိုလ် ဓာတုဗေဒဌာနမှ Good Manufacturing Practice (GMP) အွန်လိုင်းသင်တန်း နှင့် Water and Sanitation for Occupational Purpose (WSOP) အွန်လိုင်းသင်တန်း နှစ်ခုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁၈) ရက် နေ့တွင် စတင်ဖွင့်လှစ် သင်ကြားမည်ဖြစ်ပါသောကြောင့် ထို အွန်လိုင်းသင်တန်းများသို့ ဝင်ခွင့်များ လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းသင်တန်းဝင်ခွင့်အတွက် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံများကို ရန်ကုန်အဝေးသင်တက္ကသိုလ် ဓာတုဗေဒဌာန ၏ ဝက်ဘ်ဆိုဒ် ဖြစ်သည့် https://www.udechem.edu.mmမှတဆင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၇) ရက် နေ့မှစတင်၍ အွန်လိုင်းမှ လျှောက်လွှာများကို တင်သွင်းနိုင်ပါသည်။ သင်တန်းကြေးကို သင်တန်းတစ်ခုစီအတွက် ငွေကျပ် ငါးသောင်း (၅၀၀၀၀) ကျပ် သတ်မှတ်ထားပါသည်။ သင်တန်းများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက  ဖုန်းနံပါတ် ၀၉-၆၉၆ ၆၄၃ ၉၅၁ (သို့) ၀၉-၉၆၇၀ ၉၄၃၂၉ အားဆက်သွယ်၍ အသေးစိတ် မေးမြန်း စုံစမ်းနိုင်ပါသည်။

သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပြီးသူများအား e-mail ဖြင့် အကြောင်းကြားပါမည်။ ဝင်ခွင့်ရရှိသူများသည်  (၁-၂-၂၀၂၁) ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ သင်တန်းကြေးပေးသွင်းနိုင်ပါသည်။ သင်တန်းကြေးပေးသွင်းရမည့် နောက်ဆုံးရက်မှာ (၁၀-၂-၂၀၂၁) ရက်နေ့ ဖြစ်ပြီး သတ်မှတ်ရက်ထက်နောက်ကျ၍ ငွေပေးသွင်းသူများကို လက်ခံမည်မဟုတ်ပါ။

အထက်ပါသင်တန်းနှင့် ပတ်သက်သည့်အကြောင်းအရာများနှင့် ဝင်ခွင့်သတ်မှတ်ချက်များကို အောက်ပါပုံများတွင် ကလစ်ခ်နှိပ်၍ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။