Skip to main content

Good Manufacturing Practice (GMP)

လူ့ဘောင်လောကတွင် စားဝတ်နေရေးဟူသောအရေးသုံးပါးရှိသည့် အနက်လူသား တို့နေ့စဉ် စားသုံးနေသော အစားအစာထုတ်လုပ်သည့်လုပ်ငန်းများတွင် ဆောင်ရွက်သင့်သည့် အရည်အသွေး ထိန်းသိမ်းမှုများ၊ အစာအဆိပ်အတောက်ကင်းရှင်းစွာဖြင့် အဟာရပြည့်ဝသော စားသောက်ကုန် များကို ပြည်သူတစ်ရပ်လုံး လုံခြုံစိတ်ချစွာစားသုံးနိုင်ရန် အတွက် အစားအသောက် အရည်အသွေးထိန်းချုပ်မှု နည်းလမ်းများ၊ ထုတ်လုပ်သည့် အစားအစာများမှ ရရှိနိုင်သောအဟာရတန်ဖိုးများကို သိရှိနားလည်ပြီး လက်တွေ့ ထုတ်လုပ်မှု လုပ်ငန်းများတွင် တွင်ကျယ်စွာ အသုံးချနိုင်စေရန် ရည်ရွယ်ပါတယ်။ ထို့အပြင် - Good Manufacturing Practice (GMP) ကိုသိရှိနားလည်ခြင်းဖြင့် အစားအစာ ထုတ်လုပ်မှုတွင် သာမကပဲ မည်သည့် ထုတ်ကုန်လုပ်ငန်းတွင်မဆို အရည်အသွေးပြည့်မှီသော ထုတ်ကုန်များ ကိုသာ ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ခေတ်မီဖွံဖြိုးတိုးတက်သည့် နိုင်ငံတော် တည် ဆောက်ရာတွင် များစွာ အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဤသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။


Good Manufacturing Practice (GMP)ဆိုတာကတော့ မည်သည့်ထုတ်ကုန်လုပ်ငန်းတွင် မဆို အရည်အသွေးပြည့်မှီပြီး ဘေးအန္တရာယ်ကင်းရှင်းသော ထုတ်ကုန်များကို ထုတ်လုပ်ရာမှာ လုပ်ဆောင် ရမဲ့လုပ်ငန်းစဉ်များ၊ ဆောင်ရန်၊ ရှောင်ရန် များကိုသိရှိနားလည်စေရန် လေ့ကျင့်သင်ကြားပေးခြင်း ဖြစ်ပါတယ်။ သို့မှသာထုတ်ကုန်လုပ်ငန်းအသီးသီးတွင် အဆင့်အတန်းပြည့်မှီသော ထုတ်ကုန်များ ထုတ်လုပ်နိုင်မည်ဖြစ်ပါတယ်။


ဤသင်တန်းပြီးဆုံးလျှင် သင်တန်းသားများဟာ မည်သည့်ထုတ်ကုန် လုပ်ငန်းများတွင်မဆို နည်းစနစ်ကျစွာဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဝင်ရောက်လုပ်ကိုင်နိုင်သော အရည်အချင်းများကို ရရှိနိုင်မည်ဖြစ်ပါတယ်။



Good Manufacturing Practice (GMP) အွန်လိုင်းသင်တန်းတက်ရောက် လိုအပ်ချက်များ

၁။ရန်ကုန်အဝေးသင်တက္ကသိုလ်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု အစီအစဉ်ဖြင့် ဓာတုဗေဒဌာနမှ ဦးစီး၍ Online ဖြင့် Certificate သင်တန်း- Good Manufacturing Practice (GMP) နှင့် Water and Sanitation for Occupational Purpose (WSOP) သင်တန်း (၂)ခုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသဖြင့် ထိုသင်တန်းများသို့ ဝင်ခွင့် လျှောက်ထားနိုင်ပါသည်။
၂။အဆိုပါ Certificate သင်တန်း(၂)ခုအတွက် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။
(က)အနိမ့်ဆုံးပညာအရည်အချင်းမှာ တက္ကသိုလ်ဝင်တန်း တက်ရောက်ခဲ့ပြီးသူများ ဖြစ်ရမည်။
(ခ)သင်တန်းသို့ အစိုးရဌာနများနှင့် NGO များမှ ဘွဲ့ရအရာထမ်း၊ အမှုထမ်းများအပြင်၊ ပြင်ပ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၌ လုပ်ကိုင်နေသော ဘွဲ့ရပုဂ္ဂိုလ်များပါ လျှောက်ထား နိုင်ပါသည်။
(ဂ)သင်တန်း(၂)ခုလုံးအား တစ်ပြိုင်တည်း လျှောက်ထားနိုင်ပါသည်။
၃။ဝင်ခွင့်အတွက် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံများကို ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဓာတုဗေဒဌာန၏ website www.udechem.edu.mm မှတဆင့် (၇-၁-၂၀၂၁)ရက်မှစ၍ Online ဖြင့် Register လုပ်နိုင်ပါသည်။
၄။သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် သတ်မှတ်ဦးရေပြည့်ပါက register ပိတ်ပါမည်။
၅။သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပြီးသူများအား e-mail ဖြင့် အကြောင်းကြားပါမည်။
၆။သင်တန်းများနှင့် ပတ်သတ်၍ ဖုန်းနံပါတ် (၀၉-၆၉၆၆၄၃၉၅၁) တွင် အသေးစိတ် မေးမြန်း စုံစမ်းနိုင်ပါသည်။
၇။ဆက်သွယ်ရန်လိပ်စာမှာ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဓာတုဗေဒဌာန၊ သထုံလမ်းသို့ ဆက်သွယ်နိုင်ပါသည်။
၈။အသေးစိတ်သိလိုပါက ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သင်တန်းရေးရာဌာနနှင့် ဓာတုဗေဒဌာန တို့တွင် လာရောက်စုံစမ်းနိုင်ပါသည်။