Skip to main content

Water and Sanitation for Occupational Purpose(WSOP)

ရေဟာလူသားအားလုံး၊သက်ရှိသတ္တဝါများ၊အပင်များအတွက် အလွန်အရေးပါသောအရာဖြစ်တယ်။ ထို့ကြောင့်ကျန်းမာကြံ့ခိုငသောလူသားအရင်းအမြစ်များပေါ်ပေါက်လာစေရန်၊သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းနိုင်စေရန်၊ ကမ္ဘာမြေကြီးသာယာလှပစေရေးအတွက်သင့်တော်သော အရည်အသွေးရှိသူများမွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် ဤသင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။ဤသင်တန်းမှ မသန့်ရှင်းသောရေကြောင့်ဖြစ်ပေါ်နိုင်သော ရောဂါများ၊၊ ရေအရင်းအမြစ်သဘောသဘာဝများ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် ဆက်နွယ်နေသောရေထုညစ်ညမ်းမှု၊ ရေနှင့်မိလ္လာစနစ်ဆက်နွယ်မှု၊ ရေဆိုးရေညစ်များကို သန့်စင်စေသော စနစ်များကို လေ့လာနိုင်ပြီး ပြည်သူလူထု တစ်ရပ်လုံး၏ ကျန်းမာသော လူနေမှု့ဘဝကိုတည်ဆောက်နိုင်သည့်အကျိုးကျေးဇူးများကိုရရှိနိုင်မှာဖြစ်ပါတယ်။ ဤသင်တန်းပြီးဆုံးပါက ရေအသုံးချသုတေသနလုပ်ငန်းများ၊ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းမှု ဆိုင်ရာအချက်အလက်များကိုနားလည်တတ်မြောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ပါတယ်။


ဤသင်တန်းပြီးဆုံးပါက ရေအသုံးချသုတေသနလုပ်ငန်းများ၊ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းမှု ဆိုင်ရာအချက်အလက်များကိုနားလည်တတ်မြောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ပါတယ်။



Water and Sanitation for Occupational Purpose (WSOP) အွန်လိုင်းသင်တန်းတက်ရောက် လိုအပ်ချက်များ

၁။ရန်ကုန်အဝေးသင်တက္ကသိုလ်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု အစီအစဉ်ဖြင့် ဓာတုဗေဒဌာနမှ ဦးစီး၍ Online ဖြင့် Certificate သင်တန်း- Good Manufacturing Practice (GMP) နှင့် Water and Sanitation for Occupational Purpose (WSOP) သင်တန်း (၂)ခုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသဖြင့် ထိုသင်တန်းများသို့ ဝင်ခွင့် လျှောက်ထားနိုင်ပါသည်။
၂။အဆိုပါ Certificate သင်တန်း(၂)ခုအတွက် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။
(က)အနိမ့်ဆုံးပညာအရည်အချင်းမှာ တက္ကသိုလ်ဝင်တန်း တက်ရောက်ခဲ့ပြီးသူများ ဖြစ်ရမည်။
(ခ)သင်တန်းသို့ အစိုးရဌာနများနှင့် NGO များမှ ဘွဲ့ရအရာထမ်း၊ အမှုထမ်းများအပြင်၊ ပြင်ပ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၌ လုပ်ကိုင်နေသော ဘွဲ့ရပုဂ္ဂိုလ်များပါ လျှောက်ထား နိုင်ပါသည်။
(ဂ)သင်တန်း(၂)ခုလုံးအား တစ်ပြိုင်တည်း လျှောက်ထားနိုင်ပါသည်။
၃။ဝင်ခွင့်အတွက် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံများကို ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဓာတုဗေဒဌာန၏ website www.udechem.edu.mm မှတဆင့် (၇-၁-၂၀၂၁)ရက်မှစ၍ Online ဖြင့် Register လုပ်နိုင်ပါသည်။
၄။သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် သတ်မှတ်ဦးရေပြည့်ပါက register ပိတ်ပါမည်။
၅။သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပြီးသူများအား e-mail ဖြင့် အကြောင်းကြားပါမည်။
၆။သင်တန်းများနှင့် ပတ်သတ်၍ ဖုန်းနံပါတ် (၀၉-၆၉၆၆၄၃၉၅၁) တွင် အသေးစိတ် မေးမြန်း စုံစမ်းနိုင်ပါသည်။
၇။ဆက်သွယ်ရန်လိပ်စာမှာ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဓာတုဗေဒဌာန၊ သထုံလမ်းသို့ ဆက်သွယ်နိုင်ပါသည်။
၈။အသေးစိတ်သိလိုပါက ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သင်တန်းရေးရာဌာနနှင့် ဓာတုဗေဒဌာန တို့တွင် လာရောက်စုံစမ်းနိုင်ပါသည်။